Tuesday, April 12, 2016


အမှီကောင်းရှိခြင်း၏ ကောင်းကျိုး"

တစ်နေ့သောအခါ မြတ်စွာဘုရားက
ရဟန်းတို့အား ဤသို့ဟောတော်မူသည်။
" ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို
မှီ၍ သစ်ပင်ကြီးတို့သည် ကြီးပွားခြင်းငါးမျိုး
ဖြင့် ကြီးပွားကြကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ သစ်ပင်
ကြီးတို့သည်-

(၁) အကိုင်းအခက်အရွက်တို့ဖြင့်ကြီးပွားကြကုန်၏။

(၂) အခေါက်ဖြင့်ကြီးပွားကြကုန်၏။

(၃) အပွေးဖြင့်ကြီးပွားကြကုန်၏။

(၄) အကာဖြင့် ကြီးပွားကြကုန်၏။

(၅) အနှစ်ဖြင့် ကြီးပွားကြကုန်၏။"
" ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို
မှီ၍ သစ်ပင်ကြီးတို့သည် ကြီးပွားခြင်းငါးမျိုး
ဖြင့် ကြီးပွားကြကုန်သကဲ့သို့ ဤအတူသာ
လျှင် သဒ္ဓါတရားရှိသော အမျိုးကောင်း
သားကိုမှီ၍ အိမ်တွင်းနေ လူအပေါင်းသည်
လည်း ကြီးပွားခြင်း ၅- မျိုးဖြင့် ကြီးပွားကြ
ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူ-

(၁) သဒ္ဓါဖြင့် ကြီးပွား၏။

(၂) သီလဖြင့်ကြီးပွား၏။

 (၃) အကြားအမြင်ဖြင့် ကြီးပွား၏။

 (၄) စွန့်ကြဲခြင်းဖြင့် ကြီးပွား၏။

 (၅)ပညာဖြင့် ကြီးပွား၏။"
" ရဟန်းတို့ သဒ္ဓါတရားရှိသော
အမျိုးကောင်းသားကို မှီ၍ အိမ်တွင်းနေလူ
အပေါင်းသည်လည်း ဤကြီးပွားခြင်း ၅-မျိုးဖြင့် ကြီးပွား၏။

တောအုပ်ကြီး၌ ကျောက်တောင်ကို
အမှီပြု၍ တောစိုးသစ်ပင်ကြီးတို့သည် စည်
ပင်ကြကုန်သကဲ့သို့ ထို့အတူ သီလနှင့်
ပြည့်စုံ၍ သဒ္ဓါတရားရှိသော ဤအမျိုး
ကောင်းသားကိုမှီ၍ သားမယား အဆွေအ
မျိုး မိတ်ဆွေခင်ပွန်း ထိုအမျိုးသားကိုမှီ၍
အသက်မွေးသူ တို့သည်လည်း သီလဖြင့်
ကြီးပွားကြကုန်၏။

သီလရှိသူ၏ သီလ စွန့်ကြဲခြင်း အ
ကျင့်စရိုက်တို့ကို ကောင်းစွာမြင်ကြကုန်၍
သူတို့ကို အတုလိုက်၍ ပြုလုပ်ကြကုန်၏။

ပညာရှိတို့သည် ဤမြတ်စွာဘုရား၏
သာသနာတော်၌ သုဂတိ(ကောင်းမှုကု
သိုလ်ပြုသူတို့၏ လားရောက်ရာ)သို့ သွား
ရောက်သူတို့၏ အကျင့်ကို ကျင့်ကြကုန်၍
နတ်လောက ကာမဂုဏ်တို့ကို လိုတိုင်းရ
ကုန်သဖြင့် နှစ်သက်ဝမ်းမြောက်ကြရလေ
သည်" ဟု ဟောတော်မူသည်။

(အင်္ဂုတ္တရပါဠိတော် ပဉ္စကနိပါတ် သုမနဝဂ်
မဟာသာလပုတ္တသုတ်

No comments:

Post a Comment