Tuesday, April 12, 2016
*** တရားမရနိုင်သော ပုဂ္ဂိလ်ခြောက်မျိုး ***
ဂဏန်း = ဂဏန်းသည် အမြဲတမ်း
လက်မထောင်နေသကဲ့
သို့ နေရာတကာတွင် ငါအသိ ငါအ
တတ်ဟု မိမိကိုယ်ကိုအထင်ကြီးနေသူ ။
ပုတ်သင် = ပုတ်သင်သည် မည်သူ
ကဘာပြောပြောခေါင်း
ညိတ်တတ်သကဲ့သို့သူတစ်ပါးပြော
သမျှ အမှားအမှန်ဝေဖန်ဆန်းစစ်
ခြင်းမရှိဘဲ အလွယ်တကူ လက်ခံ
တတ်သူ ။
ပဲပြားပင် = ပဲပြားပင်သည် လေ
တိုက်ရာဘက်သို့သာ
ယိမ်းသကဲ့သို့ စဉ်းစားဆင်ခြင်
ဥာဏ်မရှိဘဲ အဟောအပြော
ကောင်းသူဘဘက်သို့သာ ပါသွား
သူ ။
ခွေးအ = ခွေးအသည် မိမိအူသော
အဖြစ်ကို မိမိမသိသကဲ့
သို့ ပါးစပ်က တရားစကားကိုရွတ်
ဆိုနေသော်လည်း တရားကို သ
ဘောမပေါက် ဥာဏ်မရောက်သူ။
နွားသိုး = နွားသိုးသည်ကမူးရှုးထိုး
ဖြင့် တွေ့ရာမြင်ရာကို
လိုက်ဝှေ့တတ်သကဲ့သို့ သူတပါး၏
အယူမှန်သမျှကိုစဉ်းစားဝေဖန်ခြင်း
မရှိဘဲ ပြစ်တင်ရှုတ်ချတတ်သူ ။
လိပ် = လိပ်သည် ကိုယ်ဘက်ကို
သာယက်သကဲ့သို့ မိမိအ
ယူကသာ အမှန် မိမိလုပ်ရပ်ကသာ
အမှန်ဟု တစ်ဖက်သတ် ယူဆထားသူ ။
အထက်ဖော်ပြပါ ပုဂ္ဂိုလ် (၆)
မျိုးသည်အမှန်တရားကိုမတွေ့ရှိနိုင်
••နိဗ္ဗာန်လမ်းပြအလင်းရောင်
အမှီကောင်းရှိခြင်း၏ ကောင်းကျိုး"
တစ်နေ့သောအခါ မြတ်စွာဘုရားက
ရဟန်းတို့အား ဤသို့ဟောတော်မူသည်။
" ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို
မှီ၍ သစ်ပင်ကြီးတို့သည် ကြီးပွားခြင်းငါးမျိုး
ဖြင့် ကြီးပွားကြကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ သစ်ပင်
ကြီးတို့သည်-
(၁) အကိုင်းအခက်အရွက်တို့ဖြင့်ကြီးပွားကြကုန်၏။
(၂) အခေါက်ဖြင့်ကြီးပွားကြကုန်၏။
(၃) အပွေးဖြင့်ကြီးပွားကြကုန်၏။
(၄) အကာဖြင့် ကြီးပွားကြကုန်၏။
(၅) အနှစ်ဖြင့် ကြီးပွားကြကုန်၏။"
" ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို
မှီ၍ သစ်ပင်ကြီးတို့သည် ကြီးပွားခြင်းငါးမျိုး
ဖြင့် ကြီးပွားကြကုန်သကဲ့သို့ ဤအတူသာ
လျှင် သဒ္ဓါတရားရှိသော အမျိုးကောင်း
သားကိုမှီ၍ အိမ်တွင်းနေ လူအပေါင်းသည်
လည်း ကြီးပွားခြင်း ၅- မျိုးဖြင့် ကြီးပွားကြ
ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူ-
(၁) သဒ္ဓါဖြင့် ကြီးပွား၏။
(၂) သီလဖြင့်ကြီးပွား၏။
(၃) အကြားအမြင်ဖြင့် ကြီးပွား၏။
(၄) စွန့်ကြဲခြင်းဖြင့် ကြီးပွား၏။
(၅)ပညာဖြင့် ကြီးပွား၏။"
" ရဟန်းတို့ သဒ္ဓါတရားရှိသော
အမျိုးကောင်းသားကို မှီ၍ အိမ်တွင်းနေလူ
အပေါင်းသည်လည်း ဤကြီးပွားခြင်း ၅-မျိုးဖြင့် ကြီးပွား၏။
တောအုပ်ကြီး၌ ကျောက်တောင်ကို
အမှီပြု၍ တောစိုးသစ်ပင်ကြီးတို့သည် စည်
ပင်ကြကုန်သကဲ့သို့ ထို့အတူ သီလနှင့်
ပြည့်စုံ၍ သဒ္ဓါတရားရှိသော ဤအမျိုး
ကောင်းသားကိုမှီ၍ သားမယား အဆွေအ
မျိုး မိတ်ဆွေခင်ပွန်း ထိုအမျိုးသားကိုမှီ၍
အသက်မွေးသူ တို့သည်လည်း သီလဖြင့်
ကြီးပွားကြကုန်၏။
သီလရှိသူ၏ သီလ စွန့်ကြဲခြင်း အ
ကျင့်စရိုက်တို့ကို ကောင်းစွာမြင်ကြကုန်၍
သူတို့ကို အတုလိုက်၍ ပြုလုပ်ကြကုန်၏။
ပညာရှိတို့သည် ဤမြတ်စွာဘုရား၏
သာသနာတော်၌ သုဂတိ(ကောင်းမှုကု
သိုလ်ပြုသူတို့၏ လားရောက်ရာ)သို့ သွား
ရောက်သူတို့၏ အကျင့်ကို ကျင့်ကြကုန်၍
နတ်လောက ကာမဂုဏ်တို့ကို လိုတိုင်းရ
ကုန်သဖြင့် နှစ်သက်ဝမ်းမြောက်ကြရလေ
သည်" ဟု ဟောတော်မူသည်။
(အင်္ဂုတ္တရပါဠိတော် ပဉ္စကနိပါတ် သုမနဝဂ်
မဟာသာလပုတ္တသုတ်
Subscribe to:
Posts (Atom)